ရမည်းသင်း နိုဝင်ဘာ ၁၁

 

ရမည်းသင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သင်းရတနာခန်းမ၌ ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ရေးအဖွဲ့မှ စစ်ဆေးခြင်းကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ကော်မတီများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း ကြည့်ရှုကြသည်။

 

အဆိုပါစိစစ်ရေးအဖွဲ့မှ မဲစာရင်းများ စစ်ဆေးခြင်းဆောင်ရွက်နေမှုကို ရမည်းသင်းခရိုင် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များက ရမည်းသင်းမြို့နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သော စိစစ်ရေးအဖွဲ့တို့မှ ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်း စစ်ဆေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)