ကွတ်ခိုင် ၇ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မတ်(၆)ရက် နံနက်ပိုင်းက အ-ထ.က ကွတ်ခိုင်၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေကြသော ကျောင်းသား ကျောင်းသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ကွတ်ခိုင်မြို့နယ်ခန်းမတွင် ကွတ်ခိုင်မြို့ရှိ ဒေသလိုအပ်ချက်များ ဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံကြောင်း သိရသည်။
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချု ပ်ဒေါက်တာလင်းထွဋ် က ကွတ်ခိုင်မြို့ကို လာရောက်ခြင်းမှာ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း လိုအပ်ချက်များ ဒေသခံပြည်သူများ ခံစားချက်များကိုသိရှိနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ပြည်ထောင်စု အစိုးရနှင့်သာ ဆောင်ရွက်ပေးရမည်ဆိုပါက ပြည်ထောင်စုအစိုးရကို ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား၌ ပြောကြားသွားကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာသည့် ပြည်နယ်ဝန်ကြီများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူတို့အား မိတ်ဆက်ပေးပြီး၊ ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်လွင်မှ ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြ၍ ရပ်ကွက်(၅) နေထိုင်သူဦးစိန်ဝင်းမှ စည်ပင်သာယာရေးလမ်းများ ကောင်းမွန်အောင်ဆောင်ရွက်ပေးရန်နှင့် တာမိုးညှင်းမုံးစီကျေးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး မှသဘာဝအရင်းအမြစ်နှင့်သစ်တောမပြုန်းတီးရေးအတွက် လျှပ်စစ်မီး(၂၄)နာရီရရှိရေး၊ ကျေးရွာ တိုက်နယ်ဆေးရုံး(၁၆)ခုတင်ဆံ့တွင် ဆရာမမရှိသည့်မှာ(၄)နှစ်ကျော် ရှိပြီဖြစ်၍ ဒေသခံပြည်သူများ မွေးဖွားရာတွင် ခက်ခဲမှုများ ရှိနေသောကြောင့် ကျေးရွာ၌ လျှပ်စစ်မီးနှင့် သားဖွားဆရာမ လိုအပ်နေကြောင်း တင်ပြဆွေးနွေးပြီး ကွတ်ခိုင်မြို့နယ် အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးများသည် ကျောင်းသားလူငယ်များ သုံးစွဲလာပြီဖြင့်၍ထိခိုက် ရန်ဖြစ်မှုများ၊ ခြိမ်းခြောက် ငွေတောင်းခြင်း ခိုးဆိုးမှုများ၊ ဓါးဖြင့်ခြိမ်းခြောက်ခြင်း ရှိနေသဖြင့်ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ရင်ဆိုင်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်ပြုပြင်ရေးကျောင်းများ ဖွင့်ပေးနိုင်ပါရန်နှင့် ယနေ့အချိန်ထိ အထက်သို့ တင်ပြထားသော်လည်း မူးယစ်ဆေးသုံးစွဲသူများသည် စာရင်းများအရ လျော့ချမှုအရှိဘဲ ပိုတိုးလာကြောင်းနှင့် လူငယ်မူးယစ်ဆေးဝါး သုံးစွဲသူပြုပြင်ပေးနိုင်ပါက မြို့ပိုမိုတိုးတင်လာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသွားကာ တအာင်းစာပေယဉ်ကျေးဦးမှု အလုပ်အမှုဆောင်အဖွဲ့ ဦးထွန်းအောင်က ဒေသခံပြည်သူများ သွားလာရန် ခက်ခဲသဖြင့် လမ်းများပျက်စီးယိုယွင်းနေသောကြောင့် ရာသီမရွေးချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကျောက်ချောလမ်းသို့မဟုတ် ကတ္တရာလမ်းများဖောက်လုပ်ပေး နိုင်ရန် တင်ပြတောင်းဆိုကြကြောင်း သိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဒေသခံပြည်သူများ လိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေရှင်းရာ လာမည့် နှစ်များတွင် ဘတ်ဂျက်လျာထားမှုအပေါ် ထည့်သွင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ပြောကြားကြကြောင်း သိရသည်။
ထို့နောက် သစ္စာစီမံချက်ဖြင့် ပြုလုပ်ပေးသော နိုင်ငံသားစိစစ်ရေးကတ်များကို တိုင်းရင်းသူလေးများအား ကချင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးကပေးအပ်၍ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ကျောင်းသုံး ဗလာစာအုပ်များကို ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေးအပ်၍ လည်းကောင်း မူကြိုကျောင်းနှင့် လူမှုဝန်းထမ်းစောင့်ရှောက်မူအတွက် အလှူငွေများကို ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးတို့က အသီးသီး ပေးအပ်ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်စကား ပြောကြားကာ အသစ်ဆောက်လုပ်လျက်ရှိသော ကွတ်ခိုင်ပြည်သူဆေးရုံးသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


