သထုံ   ၃၀ ဧပြီ


မွန်ပြည်နယ် သထုံမြို့နယ်အတွင်း တီဘီရောဂါ ကင်းစင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် စစ်တမ်းများ ကောက်ယူခြင်းနှင့် စစ်ဆေးကုသပေးမည့် လုပ်ငန်းစဉ်များ ချပြရှင်းလင်းသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သထုံရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်သင်းသင်းအိက အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးစိုးအောင်က ရပ်ရွာအတွင်း လိုက်လံကာ တီဘီရောဂါ ဖြစ်ပွားနေသူ၊ ဖြစ်ပွားခဲ့သူ၊ ရောဂါသံယရှိသူ၊ ပျောက်ကင်းပြီးသူ ဆေးယဉ်ပါး တီဘီရောဂါ စသည်တို့နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များနှင့် လူနာများ ဖော်ထုတ် စစ်ဆေးကုသပေးခြင်းဖြင့် တီဘီရောဂါကင်းစင်အောင် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။


အဆိုပါ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို မေလ ဒုတိယပတ်မှစတင်ကာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း လုပ်အားရှင်များက လိုက်လံဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ ချပြရှင်းလင်းပွဲသို့ သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ အုပ်ချုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်ဦး(သထုံ)