၃၀ ဇန်နဝါရီ 

ရုရှားသမ္မတ ပူတင်က  ဒီလအတွင်းမှာ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားစဉ်မှာ မွေးဖွားနှုန်း မြင့်မားရေးကို အဓိကအချက်အနေနဲ့ ထည့်သွင်းပြောကြားပါတယ်။ 

 

357

 

မော်စကိုမြို့အပြင်ဘက်ရှိ ဘာလာရှီကာမြို့က မွေးကင်းစကလေးဆေးရုံမှာ ဖန်ပြွန်သန္ဓေသား (IVF) အတွက် ဌာနတစ်ခု ပြုလုပ်ထားပါတယ်။ အဲဒီဌာနဟာ တစ်နိုင်ငံလုံးအတွက် စံပြပုံစံဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

သမ္မတပူတင်က ရုရှားရဲ့ကံကြမ္မာနဲ့ သမိုင်းကြောင်းဆိုတာတွေကို ရုရှားတွေ ဘယ်လောက်ရှိနေလဲဆိုတာ အပေါ်မူတည်တယ်။ ကလေးမွေးဖွားတဲ့ မိသားစုတိုင်းကို ကလေးထောက်ပံ့ကြေးပေးသွားမယ်လို့ ပြောပါတယ်။ 

ဆိုဗီယက်ယူနီယံပြိုကွဲစဉ် ၁၉၉၁ ခုနှစ်က လူဦးရေ ၁၄၈ ဒသမ ၃ သန်းရှိရာ ၂၀၁၀ ခုနှစ် မှာ ၁၄၂ ဒသမ ၉ သန်းရှိခဲ့ပါတယ်။ လက်ရှိလူဦးရေဟာ ၁၄၆ သန်းအထိ ပြန်တက်ခဲ့ပေမယ့် ရည်မှန်းချက်ကို မရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ 

 

7323

 

ဖန်ပြွန်သန္ဓေသား (IVF) အတွက် ပြင်ပပုဂ္ဂလိက ဆေးခန်းမှာ ပြုလုပ်မယ်ဆိုရင် ရုရှားငွေ ၁၀၀,၀၀၀ နီးပါးရှိပြီး အဲဒီအဖိုးအခမှာ မျိုးဥအလှူရှင်ကိုပေးရမယ့် ငွေကြေးမပါသေးတာကိုတွေ့ရပါတယ်။ ရုရှားငွေ တစ်သိန်းနီးပါးဟာ အလယ်အလတ်တန်းစား အလုပ်သမားတစ်ဦးရဲ့ လစာထက် သုံးဆကျော်ရှိတယ်လို့ သိရပါတယ်။ 

ရုရှားနိုင်ငံဟာ ကလေးမွေးမှုအခွင့်အရေးနဲ့ပတ်သတ်ပြီး လွတ်လပ်တဲ့ဥပဒေရှိတာကိုတွေ့ရပါတယ်။ ကလေးမွေးဖွားဖို့အတွက် အသက်အရွယ် ကန့်သတ်မှုမရှိသလို၊ အိမ်ထောင်မရှိသူနဲ့ လက်ထပ်ထားခြင်း မရှိတဲ့ စုံတွဲတွေလည်း ကလေးမွေးဖွားခွင့် ရှိနေတာကို တွေ့ရပါတယ်။ 

၂၀၁၃ ခုနှစ်ကနေ စပြီး ကလေးမွေးဖွားနှုန်း မြှင့်တင်ရန် ဖန်ပြွန်သန္ဓေသား (IVF) စရိတ်ကို နိုင်ငံတော်ကနေ စိုက်ထုတ်ပေးနေ ပါတယ်။ 

MDN
ကိုးကား - AFP