ဝါရှင်တန် ဩဂုတ် ၁၁
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ထရမ့်တို့အကြား ဆွေးနွေးပွဲကို ဩဂုတ် ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ ကျင်းပမည်ဖြစ်ကြောင်း သမ္မတထရမ့်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
၎င်းဆွေးနွေးပွဲသည် ရုရှား-ယူကရိန်းအရေး ငြိမ်းချမ်းရေးရရှိရေးအတွက် အကူအညီပေးမည်ဟု ယူဆကြောင်း အလက်စကာပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် လီဆာမာကိုစကီ က ပြောကြားသည်။ ယခုဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကာ ဆွေးနွေးပွဲမှတစ်ဆင့် ရုရှား-ယူကရိန်းအရေးပြီးစီးရေးအတွက် အကူအညီပေးမည်ဟု ယုံကြည်ကြောင်း မာကိုစကီက လူမှုမီဒီယာ အိက်စ်တွင် ပြောကြားသည်။
အလက်စကာပြည်နယ်သည် ကမ္ဘာ့ရေးရာများဆွေးနွေးရန် သင့်တော်သည့်ဒေသဖြစ်ပြီး တစ်ကမ္ဘာလုံးကလည်း ယခုဆွေးနွေးပွဲကို စောင့်ကြည့်နေကြကြောင်း အလက်စကာပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ခ်ဒန်လယ်ဗီက ပြောကြားသည်။
ကိုးကား - စပွတ်ညစ်
ဘာသာပြန် - စိုးသူရ


