သာစည် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၂၁ ရက် နံနက် ၇ နာရီက မိတ္ထီလာ - တောင်ကြီး ကားလမ်းဘေး မိုင်တိုင်အမှတ် ၁၇/၆ မှ ၁၈/၀ အထိ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာတာဝန်ရှိသူများက မိတ္ထီလာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော် နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများထံ ပျိုးပင်များ ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့တို့က ပိတောက်ပင်များ စိုက်ပျိုးပေးသည်။(ဝဲပုံ)
ဆက်လက်၍ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံ ပြည်သူများ သစ်ပင်စိုက်ပျိုးနေမှုများ ကို လှည့်လည်ကြည့်ရှုအားပေးသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် တမာပင် ၃၀၀၊ ကုက္ကိုပင် ၂၀၀၊ ပိတောက် ၁၀၀ နှင့် မဲဇလီ ၁၀၀ တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မိတ္ထီလာ - တောင်ကြီး ကားလမ်းဘေး မိုင်တိုင်အမှတ် ၁၆/၆ မှ ၁၇/၀ အထိ တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီမှ ပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး မြို့နယ်ဌာနဆိုင်ရာများ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ ဒေသခံပြည်သူ များနှင့်အတူ အရိပ်ရပျိုးပင် ၃၀၀ ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


