ကော့မှူး ၈ မေ
သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မဉ္ဇူက မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ မုန်တိုင်းအန္တရာယ်၊ ရေဘေးအန္တရာယ်၊ ဆူနာမီဘေးအန္တရာယ်နှင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေး စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)


