မြင်းမူ ၂၆ ဧပြီ

 

၂၀၁၈ ခုနှစ်အတွင်း မြင်းမူမြို့နယ်အတွင်းတွင် သဘာဝဘေးဒါဏ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သော  သီးနှံများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ဧပြီလ ၂၅ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

           

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ပျက်စီးဆုံးရှုံးမှုများအတွက် ရရှိသော ထောက်ပံ့ငွေများဖြင့်  စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြန်လည်အစားထိုးသုံးစွဲရေးနှင့် လိုအပ်သော စိုက်ပျိုးရေး နည်းပညာများအား ဌာနမှပံ့ပိုးကူညီပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍  ရှင်းလင်း ပြောကြားခဲ့သည်။

 

ယခုထောက်ပံ့ငွေများ ပေးအပ်ရာတွင်   မြင်းမူမြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု(၉)အုပ်စုမှ ဒေသခံတောင်သူ (၄၅၇)ဦးတို့၏ ပျက်စီးခဲ့သော သီးနှံမျိုးစုံ(၅၉၁)ဧကအတွက် ငွေကျပ်(၈၁၀ဝ၀ဝ၀)၊ နွေစပါး၊ (၁)ဧကလျှင် ငွေကျပ် (၂၅၀ဝ၀ဝ)၊ မိုးကြိုပဲတီစိမ်း၊ မိုးပဲတီစိမ်းနှင့် မိုးနှမ်း(၁)ဧကလျှင် ငွေကျပ်(၅၀ဝ၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)     

 

IMG_201