ဘိုကလေး ၂၈ ဧပြီ
ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး လယ်ယာမြေများ သဘာဝမြေဩဇာရရှိစေရန် ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်မျိုးစေ့) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာပေါင်းကျေးရွာ ကွင်းအမှတ် (၆၇၂)၊ ဦးပိုင် (၂၈)ရှိ တောင်သူ ဦးစိန်သန်း၏ လယ်မြေ(၄)ဧကတွင် လျှော်မျိုးစေ့များအား အတန်းလိုက် စိုက်ပျိုးခြင်းနှင့် ကြဲပက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဝန်ထမ်းများက သစ်စိမ်းမြေဩဇာစိုက်ပျိုးမည့် တောင်သူ (၂၀)ဦးအား ဧက (၄၃)ဧကစာ မျိုးစေ့ (၁၀)တင်းအား ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ သစ်စိမ်းမြေဩဇာစိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဘိုကလေး (ပြန်/ဆက်)


