လိပ်သို ၂၃ ဧပြီ 

      

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ သစ်ခေါင်းကျေးရွာရှိ ကျေးရွာဒေသခံများအား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရေးအတွက် လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနမှ ဒေါက်တာဇေယျာဦး ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် ဧပြီလ  ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် နယ်လှည့်ကွင်းဆင်းကာ ကျန်းမာရေး  ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

       

အဆိုပါ နယ်လှည့်ဆေးကုသမှုသည် သစ်ခေါင်းကျေးရွာရှိ ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြားအထွေထွေလူနာများ စုစုပေါင်း ၅၅ ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသပေးခြင်း၊ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါရှိ၊ မရှိ စမ်းသပ်စစ်ဆေးကာ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လိပ်သို(ပြန်/ဆက်)

 

1