၁၈ ဒီဇင်ဘာ

သြစတြေးလျနိုင်ငံမှာ အပူလှိုင်းဖြတ်မယ်လို့ မျှော်လင့်ထားပေမယ့် အခုသီတင်းပတ်ရဲ့ ဗုဒ္ဓဟူးနေ့ဟာ အပူဆုံးနေ့အဖြစ် စံချိန်သစ် မှတ်တမ်းတင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ အပူချိန် ၄၀.၉ ဒီဂရီ စင်တီဂရိတ်ရှိပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ အပူချိန် ၄၀.၃ ဒီဂရီစင်တီဂရိတ်နဲ့ စံချိုန်တင်ထားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံတွင်းက တောမီးလောင်ဟာ လနဲ့ချီပြီ ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီတောမီးကြောင့် လေထုညစ်ညမ်းမှုဟာ မြှင့်မားလာတဲ့အတွက် လူထုကျန်းမာရေး အရေးပေါ်အခြေအနေလို့ တံဆိပ်ကပ်ရတဲ့အထိ ဖြစ်လာပါတယ်။

တောမီးကြောင့် နိုင်ငံနဲ့တစ်ဝှမ်းရှိ သစ်တော ၇.၄ ဧက လောင်ကျွမ်းပြီး လူ ၆ ဦး သေဆုံးက အိမ်ခြေ ၇၀ဝ နီးပါး မီးလောင်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က အခုတောမီးလောင်ခြင်းရဲ့နောက်ကွယ်မှာ ရာသီဥတုပြောင်းလဲခြင်းက အချက်တစ်ချက်ဖြစ်ကြောင်း ဝန်ခံသွားပါတယ်။ ရာသီဥတုပြောင်းလဲမှု အရေးလှုပ်ရှားသူတွေက ဆစ်ဒနီရှိ မော်ရစ်ဆင်ရဲ့ ရုံးခန်းအထိ ချီတက်ဆန္ဒပြဖို့ ပြင်ဆင်နေပါတယ်။ ဝန်ကြီးချုပ်မော်ရစ်ဆင်က ရက်အားဖြစ်တဲ့အတွက် နိုင်ငံခြားတိုင်းပြည်တစ်ခုကို ရောက်ရှိနေပါတယ်။

MDN

ကိုးကား -AFP