ပုလော ၂၇ ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် နွေရာသီအပူချိန်မြင့်တက်လာမှုကြောင့် ရေတွင်းများနှင့်  အဝီစီတွင်းများတွင် ရေများခန်းခြောက်လာ၍ သောက်သုံးရေရှားပါးမှု အခက်အခဲများကြုံတွေ့နေရသည်။

 

သောက်သုံးရေပြတ်လပ်လျက်ရှိသော ပုလောမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုပေါင်း (၂၄၂၀)အတွက် အများသုံးရေစုကန်(၉)ကန်သို့ ဂါလံ (၇၅၀)ဆံ့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ရေတင်ယာဉ်ဖြင့် ရေဂါလံ (၃၇၅၀)ဂါလံ နှင့် ရေဂါလံ(၁၂၀ဝ)ဆံ့ မီးသတ်ရေယာဉ်ဖြင့် ရေဂါလံ(၄၈၀ဝ)၊ စုစုပေါင်းရေဂါလံ (၈၅၅၀) အား ဧပြီလ ၂၄ ရက်နေ့မှစတင်၍ သွားရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ သွားရောက်လှူဒါန်းရာတွင် ပုလောမြို့နယ် ရေပေးဝေရေးကော်မတီနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ အများသုံးရေစုကန်များအတွင်း ရေများသွားရောက်ဖြည့်ခြင်း၊ ဒေသခံများအား သောက်သုံးရေ ပေးဝေခြင်းများကို နေ့စဉ်သွားရောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထူးဝေယံ(ပြန်/ဆက်)  

 

IMG_2019