ဒေးဒရဲ ၈ မေ  
 
ဖျာပုံခရိုင်၊  ဒေးဒရဲမြို့နယ်အတွင်း သောက်သုံးရေရှားပါးသော ကျုံကနန်ကျေးရွာအုပ်စု ကျုံကနန် ကျေးရွာသို့ မေ ၈ ရက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

1


ထိုသို့ လှူဒါန်းရာတွင် ကျုံကနန်ကျေးရွာအတွင်းရှိ အိမ်ခြေ (၂၀၃)အိမ်၊ လူဦးရေ (၈၇၂)ဦးတို့အတွက် ရေဂါလံ (၂၀ဝ၀) လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေ မလုံလောက်သည့် ကျေးရွာများအား ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးမှူး ဒေါ်သင်းသင်းအေးထံမှ သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)

 

1