ညောင်ဦး ၂၈ ဧပြီ
ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် ရန်ကုန်မြို့၊ အနန္တစွမ်းအား အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် မိသားစုအဖွဲ့က ညောင်ဦးမြို့၊ မြတ်ဒါန ပရဟိတ လူမှုကူညီရေးအသင်းနှင့် ပူးပေါင်း၍ ဧပြီ ၂၇ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် ကြို့ပင်သာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ရေဂါလန် ၅၆၀ဝ အား ကျေးရွာနေပြည်သူများ နွေကာလ သောက်သုံးရေ အဆင်ပြေစွာသုံးစွဲနိုင်ရန်အတွက် အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


