သီပေါ နိုဝင်ဘာ ၁၁

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက စာပေ‌ဟောပြောပွဲနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကျင်းပသည်။

 

လက်ခံရယူ

ဦးစွာ ပြင်ဦးလွင် ကိုယ်ပိုင်ကျောင်းများအသင်းကိုယ်စားပြုအဖွဲ့နှင့် ပြင်ဦးလွင် ရွှေစာဝိုင်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့က စာရေးကိရိယာများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဗိုက လက်ခံရယူသည်။

 

ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်နှင့် အနာဂတ်နိုင်ငံတော် ခေါင်းစဉ်ဖြင့် ဟောပြောပြီး ပြင်ဦးလွင် ကိုယ်ပိုင်အထက်တန်းကျောင်းများ ကိုယ်စားပြု ဦးအောင်နိုင်က အမှတ်တရစကားနှင့် အမှတ် (၁) အခြေခံပညာ အထက်ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဗိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

ထိုသို့လှူဒါန်းရာတွင် ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ် ဒါဇင် ၁ဝဝဝ၊ ခဲတံ ချောင်း ၁၀၀၀ ၊ ပေတံ ချောင်း ၁ဝဝဝ ၊ ခဲဖျက် ခု ၁ဝဝ၀၊ ဘောပင် ချောင်း ၁၀၀၀ နှင့် မြေဖြူဘူးများ လှူဒါန်းခဲ့ပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူ ၂၅၀ ခန့်အား ဗလာစာအုပ်၊ ဘောပင်၊ အချိုရည်နှင့် မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)