ကိုလံဘို   ဇူလိုင်   ၉

သီရိလင်္ကာနိုင်ငံအတွင်းရှိ အလယ်တန်းကျောင်းအားလုံးသည် ၂၀၂၆ နှစ်ကုန်တွင်  အင်တာနက်သုံးစွဲ ခွင့်ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟာရီနီအမာရာဆူရီယာက ဇူလိုင် ၉ ရက်တွင် ပြောကြား လိုက်သည်။

သီရိလင်္ကာအစိုးရအနေဖြင့်  တစ်လလျှင် ရူပီး ၅၀၀၀ ခန့် (အမေရိကန်ဒေါ်လာ  ၁၇  ဒေါ်လာခန့်) ကျသင့်မည့် အကန့်အသတ်မဲ့  ဒေတာပက်ကေ့ချ်အစီအစဉ်ကို မကြာသေးမီက စတင် အကောင်အထည်ဖော်ခဲ့ကြောင်း  အမာရာဆူရီယာက   လွှတ်တော်သို့ ပြောကြားခဲ့သည်။

သီရိလင်္ကာအစိုးရသည်  ကျောင်း  ၁၅၀၀  ခန့်အတွက် ကွန်ပျူတာဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ်စမတ်သင်ပုန်းများနှင့် အခြားကွန်ပျူတာဆက်စပ်ပစ္စည်းများကို ပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

အမာရာဆူရီယာ၏ ပြောကြားချက်အရ အဆိုပါကျောင်းများသည် စမတ်သင်ပုန်း စုစုပေါင်း ၁၉၀၀ လက်ခံရရှိမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့က နောက်ထပ် ကျောင်း ၁၀၀၀ အတွက် စမတ်သင်ပုန်း ပံ့ပိုးပေးရန် အဆိုပြုချက်ကိုလည်း အတည်ပြုထားကြောင်း သိရသည်။

သီရိလင်္ကာအစိုးရသည် ပညာရေးကဏ္ဍအဆင့် အားလုံးကို    လွှမ်းခြုံနိုင်မည့်   အမျိုးသားပညာရေး စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်တစ်ရပ်ကို တည်ဆောက်လျက်ရှိသည်။                                                   

ဆင်ဟွာ