ကိုလံဘို ဇူလိုင် ၂၂
သီရိလင်္ကာနိုင်ငံ၌ လွန်ခဲ့သည့် ခုနစ်လအတွင်း သေနတ်ပစ်ခတ်ခံရခြင်း၊ ရထားနှင့် ကားတိုက်ခံရခြင်း၊ သဘာဝဘေးအန္တရာယ်များအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် တောဆင်ရိုင်း စုစုပေါင်း ၁၉၈ ကောင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဇူလိုင် ၁၈ ရက် တစ်ရက်တည်းတွင် တောဆင်ရိုင်းလေးကောင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ နှစ်ကောင်မှာ ရထားတိုက်မိမှုကြောင့်ဖြစ်ပြီး အခြားနှစ်ကောင်မှာ သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာများကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး အန်တွန်ဂျေယာကိုဒီ၏ ပြောကြားချက်ကို ဒေသမီဒီယာများက ဇူလိုင် ၂၁ ရက်တွင် ကိုးကားဖော်ပြထားသည်။
ဆင်ဟွာ


