ဇူလိုင် ၆

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၂၆၄ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံအတွင်းရှိ ဒုတိယလူဦးရေအများဆုံးခရိုင်ဖြစ်သည့် ဂမ်ပါဟာခရိုင်တွင် ထိုရောဂါဖြစ်ပွားမှုအရေအတွက် အများဆုံးဖြစ်သည်။

၂၀၂၃ ခုနှစ် လက်ရှိအချိန်အထိ ယင်းရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်ပြီးသေဆုံးသူပေါင်း ၃၁ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

မိုးလေဝသဌာနက လာမည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိသည်ဟု ပြောကြားသည်။ ထိုရက်များအတွင်း ခြင်ပေါက်ဖွားမှု များပြားလာနိုင်သည်။

သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သောနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၆၀၀၀ ကျော်ရှိသည်ဟု တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို