ဩဂုတ် ၂၁
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၀၀၀ ကျော်ရှိလာကြောင်း ဖော်ပြထားသည်။
ယခုနှစ်ဩဂုတ်လ ၁၉ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၁၃၆ ဦးရှိကြောင်း ဖော်ပြထားသည်။
အဆိုပါရောဂါဖြစ်ပွားမှုအရေအတွက်အများဆုံးသည် ကိုလံဘိုခရိုင်မှဖြစ်သည်ဟု သိရသည်။
ကူးစက်ရောဂါဗေဒဌာနကလည်း သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေ မြင့်မားသောဒေသ ၄၃ ခုရှိကြောင်းနှင့် အခြားသော ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများနှင့် ခြင်ပေါက်ပွားမှုနှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြ ထားသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူးချုပ် ဂူနာဝပ်ဒီနာက ကိုလံဘိုခရိုင်တွင် ဩဂုတ်လ ၁၉ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


