ဩဂုတ် ၈

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၈၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်း ၃၈ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံ၏အနောက်ဘက်ပြည်နယ်မှသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။ နိုင်ငံတစ်ဝန်းတွင် ထိုရောဂါဖြစ်ပွားမှုမြင့်မားသော ဒေသ ၄၇ ခုရှိသည်။

သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သောနှစ်က ထိုရောဂါဖြစ်ပွားသူ ၇၆၀၀၀ ကျော်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို