ကိုလံဘို ဩဂုတ် ၇

သီရိလင်္ကာနိုင်ငံရှိ ခရိုင် ၁၂ ခုမှာ မိုးခေါင်ရေရှားမှု ကြောင့် သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာကြောင်း(ဒီအမ်စီ) က ဩဂုတ် ၇ ရက်တွင် ပြောသည်။

မိုးခေါင်ရေရှားမှုကြောင့် အိမ်ထောင်စု ၄၈၀၀၀ ကျော်မှ လူပေါင်း ၁၅၈၀၀၀ ခန့် မှာ သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဒီအမ်စီညွှန်ကြားရေးမှူးချုပ် ဆူဒန်သာရာနေးဆင်းဟီက ပြောသည်။ ဒီအမ်စီအနေဖြင့် အဆိုပါ အိမ်ထောင် စုများအတွက် သောက်သုံးရေထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည်မုတ်သုံဝင်ရောက်မှုနှောင့်နှေးခြင်းကြောင့် မိုးခေါင်ရေရှားမှု ကြုံတွေ့ ရလေ့ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ဆင်ဟွာ