ရန်ကုန်  ၈ မေ


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ယနေ့ နံနက် ၆ နာရီ၌ စေတီတော်ရင်ပြင်တော်၌ ကျင်းပခဲ့သည်။


အခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ၊  ဗန်းမော်ကျောင်းတိုက်ဆရာတော်  ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသထံမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

 

1


ထို့နောက် ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်ချုပ် သန်လျင်မင်းကျောင်းဆရာတော်၊ ဘဒ္ဒန္တ စန္ဒိမာဘိဝံသက သာရဏီရသြဝါဒကထာ မြွက်ကြားကာ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မေ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန် /ဆက်) 

 

1