မုဒုံ အောက်တိုဘာ ၁၆
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် အောက်တိုဘာ ၁၄ ရက်က မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် ဘဲရမ်းကျေးရွာရှိ သမဝါယမအသင်းလီမိတက် အသင်းပိုင်မြေနေရာတွင် ရာမညဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အအေးခန်းစက်ရုံများနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မှုအခြေအနေများ၊ မြို့မ(၁)ရပ်ကွက် ရေစင်အနီးအတွင်း မြို့နယ်သမဝါယမအသင်းစုမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း ပုဂ္ဂလိကစာသင်ကျောင်း မြေနေရာ ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး လိုအပ်ချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)


