ရန်ကုန် ၅ မေ 

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဘောလုံးအားကစားဖြင့် မြို့ဂုဏ်ဆောင်ခဲ့ကြသော ဘောလုံးအားကစားသမား ဟောင်းကြီးများတွေ့ဆုံပွဲကို မေ ၄ ရက်က သန်လျင်မြို့ မြို့မတောင်ရပ်ကွက် သတိပဋ္ဌာန်လမ်း ရွှေမြင့်မိုရ် လက်ဘက်ရည်ဆိုင်၌ ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဘောလုံးအားကစားသမားဟောင်း အသက် ၆၀ ကျော်နှင့် ၇၀ ကျော်ရှိ အားကစားသမားဟောင်းကြီးများ ပြန်လည်စုစည်းတွေ့ဆုံကာ မျိုးဆက်သစ် ဘောလုံးအားကစားသမားများအတွက် ဘောလုံးအားကစားနည်းများ အထောက်အကူ ဖြစ်စေရန်အတွက် ဘောလုံးအားကစားဟောင်းကြီးများ၏ အတွေ့အကြုံများအား လစဉ် တစ်လတစ်ကြိမ် လနောက်ဆုံးပတ်တွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ဘောလုံးအားကစား စိတ်ဝင်စားသူများနှင့် ပါဝင်ဆွေးနွေးလိုသော အားကစားသမားဟောင်းကြီးများ အနေဖြင့် ဖုန်း- ဝ၉ ၇၉၅၄၂၀၉၆၄ သို့ ဆက်သွယ်၍ ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)