စစ်တွေ ၈ မေ
သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ) တို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအုပ်ကြီး ဒေါက်တာ အောင်မျိုးဝင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဌေးတို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
အဆိုပါသင်တန်းသို့ ကျေးရွာ(၁၄)ရွာမှ သင်တန်းသား ၂၅ ဦး တက်ရောက်ကြပြီး စက်မှုလက်မှု သိပ္ပံကျောင်း(သံတွဲ)၌ နည်းပြ ဆရာ၊ ဆရာမများက ၁၄ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကံထွန်း(ဟံတာမြေ)


