mdn

နေပြည်တော် ၂၃ နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တောင်လယ်ကျေးရွာအနီး၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်းတွင် မျိုးမင်းကို မောင်းနှင်ပြီး ဒေါ်စန်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ညပိုင်းတွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ နောင်ဖာရဲကင်းရှေ့တွင် ယောဟန်မောင်းနှင်ပြီး မလုတိ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား