ကယား နိုဝင်ဘာ ၉

 

ကယားပြည်နယ်ဥပဒေချုပ်သည် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲမှ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က ကယားပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ကယားပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး ခရိုင်ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများသည် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များတွင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးသည့် ဥပဒေနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများကို နှံ့နှံ့စပ်စပ်လေ့လာ ဖတ်ရှုထားရန် လိုအပ်ကြောင်း မှာကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်က ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၏ လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားကာ ပြည်နယ်ဥပဒေချုပ်ရုံး၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများက လုပ်ငန်းဆိုင်ရာများကို တင်ပြကြပြီး ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)