တောင်ဇလပ်ပန်း၊ ချယ်ရီပန်းနှင့် အောက်ချင်းနမ်းတဲ့ ချင်းတောင်ပေါ်က ကျေးလက်လမ်း(၃)
ကလေး-ဖလမ်း-ဟားခါးကားလမ်း။ ဖလမ်း-ဟားခါးအကွာအဝေးက မိုင် ၄၀ ခန့်သာရှိပြီး ဖလမ်းခရိုင်လမ်းဦးစီးဌာနက ၂၆ မိုင်နှင့် ဟားခါးခရိုင်လမ်းဦးစီးဌာနက ၁၄မိုင် ခွဲဝေကာ ၊ တာဝန်ယူဆောင်ရွက်ထားသောကြောင့် ကွန်ကရစ်နှင့် ကတ္တရာလမ်းများ ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်တို့ကို တင်ဆောင်လာသောကားကလေးသည် နှစ်နာရီလောက်သာ မောင်းခဲ့ရပြီး ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ ရောက်သွားသည်။





