ဆရာ ဆရာမများအတွက် အစဉ်ထွန်းလင်းနေမည့် ပညာတန်ဆောင်
“ပညာ၊ သမာ အာဘာ၊ နတ္ထိ” သည် ပညာတန်ဆောင် မဂ္ဂဇင်း၏ ဆောင်ပုဒ် ဖြစ်သည်။ ပညာနှင့်တူသော အလင်းရောင်ဟူသည် မရှိဟု အဓိပ္ပာယ်ရပါသည်။ ပညာတန်ဆောင်သည် ပညာရေးမဂ္ဂဇင်း တစ်စောင်ဖြစ်သည်။ ဆရာ ဆရာမများ အားထားရမည့် မဂ္ဂဇင်းဖြစ်သည်။ ပညာရေးဆိုင်ရာ လေ့လာသူများ ကိုးကားမှီငြမ်းရာ မဂ္ဂဇင်းလည်းဖြစ်သည်။ ပညာရေးကလောင်သစ်များ မွေးထုတ်ပေးသည့် မဂ္ဂဇင်းလည်းဖြစ်သည်။








