ပုဗ္ဗသီရိမြို့နယ် မသန်စွမ်းသူများအတွက် ဝှီးချဲများပေးအပ်
မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI) မီလီ၊ နေပြည်တော်ရုံးခွဲ၊ အုပ်တွင်းရုံးခွဲနှင့် ထိုင်းနိုင်ငံအခြေစိုက်(BCMF)တို့မှ ပူးပေါင်း၍ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မသန်စွမ်းသူများအတွက် သုံးဘီးဝှီးချဲများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၂၀ ရက် နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။







