တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ လေးမျက်နှာအနောက်ဘက်ခြမ်းဒေသ စောပြာကျေးရွာတွင် ဆေးကုသမှုဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သဲနုကုန်းကျေးရွာအုပ်စု စောပြာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၄) စစ်မြေပြင် ဆေးတပ်ရင်းမှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ သမားတော်ပါရဂူများ ကုသရေး ဆရာဝန်များပါဝင်သော အဖွဲ့များသည် ယမန်နေ့ နံနက် ၁၀ နာရီက ဒေသခံကျေးလက်နေ ပြည်သူများအား အခမဲ့ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်၍  ထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မေ ၁၄ ရက် ညနေ ၄နာရီခွဲခန့်က လေပြင်းတိုက်ခတ်၍ လူနေအိမ် အဆောက်အဦ အချို့ အမိုးလန်ပျက်စီးခြင်း ၊ မိုးကြိုးပစ်ခြင်းကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတို့အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာ ၁၅၈ ရွာတွင် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း ၁၈၆ ခုအနက် ၇၅ ခု ပြီးစီး
ငါန်းဇွန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် လမ်း၊ တံတား၊ စာသင်ကျောင်းဆိုင်ရာ အဆောက်အအုံ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ၊ ရေရရှိရေး၊ ကျေးရွာမီးလင်းရေး၊ ကျေးရွာစုရပ်ဆောင် အဆောက်အအုံနှင့် ရေလွှတ်မြောင်း စသည့်လုပ်ငန်းခွဲပေါင်း ၁၈၆ခုကို ကျေးရွာအုပ်စု ၄၄ အုပ်စု၊ ကျေးရွာပေါင်း ၁၅၈ ရွာ၌ ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းခွဲပေါင်း ၇၅ ခုအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 
ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၃၄ လုံး၊ ဘုန်းတော်ကြီးကျောင်းနှင့်  ဘုရားအမိုးတန်စောင်း အမိုးလန်ပျက်စီး 
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မေ ၁၄ ရက်  ညနေ ၄ နာရီခွဲခန့်က ရုတ်တရက် မိုးသက်လေပြင်းများ တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး
တရုတ်နိုင်ငံမှ နှစ်နိုင်ငံကုန်တင်ကားများ သွားလာရေးအဆင်ပြေစေရန် နယ်စပ်ဂိတ်(၃)ဂိတ်အား အချိန်ပြန်လည်ပြောင်းလဲပေး

မူဆယ် ၁၅ မေ 

ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ မှတ်တမ်းတင်ဗီဒီယိုရိုက်ကူး
ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဘုရားနီကျေးရွာတွင်
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် Heat Stroke (အပူရှပ်) ဖြစ်ပွားသူ လူနာ ၅၀ ကျော် ကုသမှုခံယူနေပြီး သေဆုံးသူ ၆ ဦးအထိရှိလာ
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် အပူရှိန်မြင့်မားမှုကြောင့် ဧပြီလ နောက်ဆုံးအပတ်မှ မေလ ၁၅ ရက်အထိ Heat Stroke (အပူရှပ်)လူနာ ၅၇ ဦး တက်ရောက်ကုသမှု ခံယူလျက်ရှိပြီး လက်ရှိကာလတွင် သေဆုံးသူ ၆ ဦးရှိနေကြောင်း အဆိုပါဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာဇင်ဇင်ကျော်က ပြောကြားချက်အရ သိရသည်။