ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သော ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ ဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သော ကိစ္စရပ်များကို ပြည်သူများ သိရှိနားလည်နိုင်ကြစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာလျော့ပါးရေးနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေးအသိပညာ ပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘိုကလေးမြို့နယ် ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။