ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များ တောင်ကြီးမြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံ

နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့သည် ယနေ့ညနေပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဒေသစာရီကြွချီ အပူဇော်ခံသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ မကွေးတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် မကွေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ညပိုင်းတွင် မကွေးတိုင်းဒေသကြီး စုပေါင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်သို့ လေ့လာရေးခရီးသွားရောက်
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင် (Philippines Competition Commission-PCC) သို့ ............
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ တွေ့ဆုံသည်။
ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်
သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို အများပြည်သူသိရှိရန်အတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ပုံနှိပ်မီဒီယာများ၊ ရုပ်သံမီဒီယာများမှ ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် အများပြည်သူသိရှိရန်အတွက် ပုဂ္ဂလိက ပြင်ပမီဒီယာပေါင်းစုံမှတစ်ဆင့် အများပြည်သူသို့ သတင်းစကားပေးနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပါကြောင်း၊
(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပမည်
(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ‌ဖော်‌ဆောင်‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကျင်းပ
အကျိုးတူကန်ထရိုက်လယ်ယာစနစ် (Contract Farming) ‌ဖော်‌ဆောင်‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ‌နေပြည်‌တော်ရှိ သင်္ဂဟဟိုတယ် (Grand Ballroom) ၌ ကျင်းပသည်။