ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ် မိုးရာသီကာလ၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် မိုးစပါးစိုက်ဧက ၄၈၁၀ ဧကအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ အထက(ကျိုက္ကော်)ကျောင်း ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။







