မြိတ်မြို့တွင် ဆီအုန်းမျိုးစပ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း ရက်တိုသင်တန်းဖွင့်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရွှေဒူးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်)မှ ကြီးမှူး၍ ဆီအုန်းမျိုးစပ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း ရက်တိုသင်တန်းကို ဒီဇင်ဘာ(၇)ရက်နေ့က ဖွင့်လှစ်ခဲ့သည်။




