မက္ကဆီကိုနိုင်ငံ လွတ်လပ်ရေးနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြု
မက္ကဆီကိုနိုင်ငံရဲ့ (၂၁၀)ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုး တိုက်ဖျက်ရေးမှာ ရှေ့တန်းကပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအား ဂုဏ်ပြုတံဆိပ်တွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ဩစတြေးလျနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ လျော့ကျလာခြင်းဟာ စီးပွားရေး ပြန်လည်ဦးမော့လာမယ့် မျှော်လင့်ချက်ကို တိုးမြှင့်လာ
ဩစတြေးလျနိုင်ငံမှာ ဩဂုတ်လမှာ အလုပ်လက်မဲ့ဦးရေ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိသာ လျော့ကျလာခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကနေ ပြန်လည်ဦးမော့လာနိုင်တဲ့ မျှော်လင့်ချက်ကို တိုးမြှင့်လာပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ ပြန်ဖွင့်မယ်
တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ထားတဲ့ စည်းမျဉ်းတွေကို ဖယ်ရှားပေးနေရာ အောက်တိုဘာ ၁ ရက်နေ့မှာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်မယ်လို့ သမ္မတ က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
တရုတ်ပြည်မကြီးတွင် ပြည်ပမှ ရောက်ရှိလာသူ ကိုးဉီးတွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိ
တရုတ်ပြည်မကြီးတွင် ဗုဒ္ဓဟူးနေ့က ပြည်ပမှ ပြန်လည် ရောက်ရှိလာသူ ကိုးဉီးမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၆၇၄ ဉီး ရှိသွားပြီဖြစ်ကြောင်း ----------