ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ချိရန်အတွက် ပြင်ဆင်ထားရန် CDC ညွှန်ကြား
အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက အလားအလာ ကောင်းသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် လာမည့် နိုဝင်ဘာ ၁ ရက်တွင် အသင့်ဖြစ်နေရန် ပြည်နယ်အစိုးရများအား ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။






