ဘိုးရင်း-၇၃၇ မက်စ်ဂျက် လေယာဉ်ထုတ်လုပ်မှု ခေတ္တရပ်နားထားမည်
ဘိုးရင်းလေယာဉ်ကုမ္ပဏီအနေဖြင့် တစ်ကမ္ဘာလုံးရှိမြေပြင်တွင် ရပ်နားထားခဲ့သော ဘိုးရင်း-၇၃၇မက်စ်ဂျက်လေယာဉ် များ၏ထုတ်လုပ်မှုအားခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ထိုဆုံးဖြတ်ချက်ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဘိုးရင်းကုမ္ပဏီ ယခု ရင်ဆိုင်နေရသော ကြန့်ကြာမှုမှ ရုန်းထွက်နိုင်ရန် ကြန့်ကြာမည်ကို စိုးရိမ်နေကြပြီး ဘိုးရင်းကုမ္ပဏီမှ အမှုဆောင်အရာရှိ များမှာလည်း ၎င်းတို့ မျှော်မှန်းထားသည့်အတိုင်း မဖြစ်လာမည်ကို စိုးရိမ်နေကြသည်။




