နယူးဒေလီမြို့တော် မီးလောင်မှုအတွင်း ၉ ဉီးသေဆုံး
နယူးဒေလီမြို့တွင် ယနေ့နံနက်အစောပိုင်းက လူနေအဆောက်အဦတစ်လုံးတွင် မီးလောင်ကျွမ်းမှုကြောင့် လူကိုးဉီးသေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် အမျိုးသမီးလေးဉီးနှင့် ကလေးငယ် သုံးဉီးပါဝင်ကြောင်း မြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဉီးက အတည်ပြုပြောကြားခဲ့သည်။




