ပါကစ္စတန်နိုင်ငံ၌ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ကိုးဦးသေဆုံး
ပါကစ္စတန်နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ် ဒတ်တာခရိုင်တွင် ယမန်နေ့ညနှောင်းပိုင်းက ထရပ်ကားတစ်စီးနှင့် ဗင်ကားတစ်စီးတို့တိုက်မိခဲ့ရာ လူကိုးဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေးဌာနက သတင်းထောက်များအား ပြောကြားသည်။






