အာဖဂန်နစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွား  သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နေ့ညပိုင်းက  ဘာဒက်ဟန်ပြည်နယ် ဖာဇာဘတ်မြို့တော်အပြင်ရှိ လျှိုမြောင်အတွင်းသို့ ကားတစ်စီးထိုးကျသွားခဲ့ရာ ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးအပါအဝင် အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာနအကြီးအကဲ မာဇာဒင်အာမတ်ဒီက ယနေ့တွင် ပြောကြားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၈၃ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၈၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၈၀၅၁၀၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၉၃၈ ဦး ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၉၃၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၀၄၁၈၂၅ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ပါပူဝါနယူးဂီနီ၌ ပြင်းအား ၇ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် လေးဦးထက်မနည်းသေဆုံး
ပါပူဝါနယူးဂီနီတွင် ယမန်နေ့မနက်ပိုင်းက ပြင်းအား ၇ ဒသမ ၆ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လေးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူအမြောက်အများ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ယခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံသား နှစ်သိန်းကျော် ပြည်ပအလုပ်အကိုင်ရရှိရေး နိုင်ငံအတွင်းမှ ထွက်ခွာ

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့၌ ကာလဝမ်းရောဂါဖြစ်ပွားသူ ၁၆ ဦးရှိ