အင်ဒိုနီးရှားနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း ပါပူအာပြည်နယ်ရှိ ဆိုရန်မြို့တွင် ယမန်နေ့က ၁ ဒသမ ၅ မီတာရှိရေကြီးရေလျှံမှုဖြစ်ပွားကာ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့သည်ဟု ထိုပြည်နယ်ရှိ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအေဂျင်စီက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။




