အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာလေကြောင်းလိုင်းများ နှစ်နှစ်ကြာ ရပ်နားထားပြီးနောက် ပုံမှန်အတိုင်းပြန်လည်စတင်

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် နှစ်နှစ်ကြာရပ်နားထားခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများ ပုံမှန်ပြန်လည်စတင်မည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။
မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၁ ဦး ထပ်မံတွေ့ရှိ
မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။
နိုင်ငံပေါင်း၂၃ နိုင်ငံမှခရီးသွားဧည့်များအတွက် ဆိုက်ရောက်ဗီဇာဝန်ဆောင်မှု အင်ဒိုနီးရှားနိုင်ငံဖွင့်လှစ်
အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ခရီးသွားကဏ္ဍပြန်လည်ထိန်းသိမ်းရန် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် အထူးဆိုက်ရောက်ဗီဇာဝန်ဆောင်မှု ဖွင့်လှစ်ခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တနင်္လာနေ့က ပြောကြားသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ခြောက်သန်းကျော်ရှိလာ
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေမှာ ယမန်နေ့ကအထိ ၆၀၀၄၄၂၁ ရှိရာ သေဆုံးသူခြောက်သန်းကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO )ကပြောကြားသည်။
ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုမှ ပေးပို့သည့် အချက်အလက်များ တရုတ်နိုင်ငံ ပထမဆုံးအကြိမ် လက်ခံရရှိ
တရုတ်နိုင်ငံသည် အဆိုပါကမ္ဘာမြေလေ့လာရေးဂြိုဟ်တု L-SAR 01B အား Long March-4C အမည်ရှိ ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် လွှတ်တင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စပိန်ဘုရင်ဟောင်း ဟွမ်ကားလို့ ယူအေအီးနိုင်ငံ၌ နေထိုင်မည်
စပိန်ဘုရင်ဟောင်းဟွမ်ကားလို့သည် ၎င်းအပေါ် ဘဏ္ဍာရေး စုံစမ်းစစ်ဆေးမှုများ ပိတ်သွားပြီဖြစ်သော်လည်း အဘူဒါဘီ မြို့တွင် ဆက်လက်နေထိုင်မည်ဟု ပြောကြားကြောင်း တော်ဝင်မိသားစုက မတ် ၇ ရက်တွင် ကြေညာခဲ့သည်။
ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း၌ ရေကြီးမှုကြောင့် လူပေါင်း ခြောက်သောင်းအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်
ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် သီတင်းပတ်အတော်ကြာရေကြီးမှုကြောင့် သေဆုံးသူ ဦးရေမှာ ၂ဝ အထိရှိလာခဲ့သည်။ ။