ဗြိတိန်နိုင်ငံ၌ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ရှိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်
ဗြိတိန်နိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ရန်လွယ်ကူသော အသက် ၅ နှစ်မှ ၁၁ နှစ် အရွယ်ရှိ ကလေးငယ်များအား ယခုသီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ဗြိတိန်အမျိုးသားကျန်းမာရေးလုပ်ငန်းက ယနေ့ပြောကြားသည်။





