အာဖဂန်နိုင်ငံ၌ ပြင်းအား ၅ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားသဖြင့်လူ ၁၂ ဦးထက်မနည်းသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဘတ်ဂစ်စ်ပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတာဝန်ရှိသူတစ်ဦးက ဆိုသည်။




