သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူများ ဈေးကွက်ပျောက်နေ၍ သိုလှောင်ရန် အခက်တွေ့နေ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် သရက်သီးပေါက်စိပ် (သရက်ချဉ်) များကို ဈေးကွက်ပျောက်နေ၍ ယခင်နှစ်များလို သိုလှောင်ရန် အခက်တွေ့နေကြောင်း မြင်းခြံမြို့ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူ ဦးချမ်းသာထံမှ သိရှိရသည်။








