မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီ မစတင်မီအချိန်တည်းက ထန်းဆွဲမြူအိုးပြုလုပ်ထားကြပြီး ထန်းတက်လုပ်ငန်းစတင်ပြီဆိုတာနှင့် ထန်းဆွဲမြူအိုးအမြောက်အများရောင်းချရခြင်းဖြင့် မိသားစုစီးပွားရေးတွက်ခြေကိုက်နေကြကြောင်း တောင်ကုန်းကျေးရွာနေ ဦးနေလင်းကပြောကြားသည်။