ဧရာဝတီမြစ်ရေသည် မန္တလေးမြို့နှင့် မြင်းမူမြို့တို့တွင် နောက်(၃)ရက်အတွင်းနှင့် စစ်ကိုင်းမြို့တွင် နောက်(၂)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်

ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေ

လာမည့်တစ်ရက်အတွင်း ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေ

ချင်းတွင်းမြစ်ရေသည် လာမည့်တစ်ရက်အတွင်း မော်လိုက်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်တွင် ရောက်ရှိနေ