လူစုလူဝေးဖြင့် ကျူရှင်ဖွင့်လှစ် စာသင်ပေးနေသည့် အမျိုးသမီးတစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထား

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်နေ မရွှေလှဲဇိန် (၂၆)နှစ်အား ဟားခါးမြို့မရဲစခန်း (ပ)၁၃၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
မူဆယ်မြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီတွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာနေ ရင်ကွယ်ရှိုင်၏ ဂိုဒေါင်ကိုဝင်ရောက်ရှာဖွေရာ
တံတားဦးမြို့နယ် ထန်းပေါက်ကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

မဘိမ်းနှင့် သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် မဘိမ်းမြို့ နယ် စီပိန်းကျေးရွာအနီး စီပိန်း-ပင်ကြိမ်သွား ကားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ နေဝင်းထိုက်နှင့် မစိုးစိုးအောင်တို့အား ရှာဖွေရာ
ပြည်ကြီးတံခွန်မြို့နယ်တွင် Quarantine ဝင်ရန် သွားရောက်ခေါ်ရာ၌ ဓာတ်ပုံရိုက်သည်ကို မကျေနပ်သဖြင့် ဝိုင်းရိုက်မှုဖြစ်
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ င ရပ်ကွက်တွင် စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သဖြင့် Quarantine ဝင်ရန်အတွက် သွားရောက်ခေါ်ရာမှာ ဓာတ်ပုံရိုက်သည့်အတွက် မကျေနပ်သဖြင့် ရာအိမ်မှူးအား ဝိုင်းဝန်းရိုက်နက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ငွေကျပ် ၂၈၁၀ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီက တာချီလိတ်မြို့နယ်၊ ဟွေရဲကျေးရွာနေ စိုင်းခွန်း၏ နေအိမ်ကိုရှာဖွေရာ
နိုင်ငံတော်က အခြေခံလူတန်းစား အိမ်ထောင်စုများကို ငွေကြေးထောက်ပံ့ခဲ့ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက အိမ်ထောင်စု ၂၂၆ စုအတွက် ထုတ်ပေးခြင်းမရှိသဖြင့် အရေးယူထား
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မိဿလင်ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ထွန်းကျော် (၄၅)နှစ်အား စက်တင်ဘာ ၂၃ ရက် ည ၇ နာရီ မိနစ် ၅၀ က ရေကြည်မြို့မရဲစခန်း (ပ)၃၃၅/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။