ဓနုဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာတွင် ယနေ့ ညနေ ၃ နာရီ  ၂ဝ မိနစ်က ဂက်(စ်)မီးခြစ်ပေါ်သို့ နေရောင်ခြည် တိုက်ရိုက်ကျရောက်၍ အပူလွန်ပေါက်ကွဲရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ ဗုံးသီးဟောင်း ၆ လုံး တွေ့ရှိ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ငါးစိမ်းအင်းကျေးရွာနေ ဦးရဲလင်းအောင်(၂၇)နှစ် သည် ဧပြီ ၁၁ ရက် နံနက် ၁၀ နာရီက ၎င်း၏နေအိမ်အား ခြံစည်းရိုးခတ်ရန် ကျင်းတူးစဉ် အနက် ၂ ပေခန့် အရောက်၌ အလျား ၁ ပေ၊ အချင်း ၃ လက်မခန့် စိန်ပြောင်းဗုံးသီးဟောင်း ၆ လုံး အား တွေ့ရှိခဲ့သည်။ 
ဝက်လက်မြို့နယ် ဟံလင်းကျေးရွာ၌ အမှိုက်မီးရှို့ရာမှ နေအိမ်မီးဖိုဆောင် မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဟံလင်းကျေးရွာ၌ ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက အမှိုက်မီးရှို့ရာမှ  မီးကူးစက်ကာ နေအိမ်မီးဖိုဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။
ဧရာဝတီမြစ်အတွင်း စက်လှေဖြင့် ပိုက်မျှော၍ ငါးဖမ်းနေစဉ် မိုးကြိုးစက်ကွင်ထိမိမှုဖြစ်ပွား
ရွှေကူမြို့နယ် နောင်မိုကျေးရွာအနီးတွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်၌ ဧရာဝတီမြစ်အတွင်း စက်လှေတစ်စီးဖြင့် ပိုက်မျှော၍ ငါးဖမ်းနေစဉ် မိုးများရွာသွန်းပြီး မိုးကြိုး စက်ကွင်းထိမိကြောင်း သတင်းရရှိသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူခြင်းခံရသူအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ချောင်းခွနယ်မြေရဲစခန်းအပိုင်  စပါးတွင်းကျေးရွာတွင် ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူခြင်းခံရသူအား ဧပြီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက အလုပ်နှင့် ထောင်ဒဏ် အမိန့်ချမှတ်ကြောင်း မြို့နယ်တရားရုံးမှသိရသည်။
အောင်လံမြို့နယ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ကြက်မွေးမြူရေးခြံမီးလောင်မှုဖြစ်ပွား

ဆိပ်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ ဆွမ်းစားကျောင်းဆောင် တစ်ဆောင်အား တောမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်း